နောက်ခံ သမိုင်းကြောင်း
လူတိုင်းမှာ အခြေခံ စားဝတ်နေရေးဆိုတာ ရှိပါတယ်။ ဒီလိုပဲ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေမှာလည်း ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအကျဆုံးနဲ့ မရှိမဖြစ်အလိုအပ်ဆုံးက စားနပ်ရိက္ခာဖူလုံနိုင်ရေး ဖြစ်ပါတယ်။ နောက်တန်း ရိက္ခာဖူလုံမှ ရှေ့တန်းမှာ စိတ်ဖြောင့် လက်ဖြောင့် စစ်တိုက်နိုင်ပါမယ်။ ဒါ့ကြောင့် နောက်တန်းထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ဖွဲ့စည်းပြီး မြေပြင်တပ်ရင်း /စစ်ကြောင်းများဆီကို ပုံမှန်ထောက်ပံ့နေတဲ့အစီအစဉ်အနေနဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။
၂၀၂၁ ဒီဇင်ဘာ
PRF စတင်တည်ထောင်
၂၀၂၃ ဩဂုတ်
(၂၁) လအတွင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၃.၅) သန်း ရရှိ
၂၀၂၃ စက်တင်ဘာ
PRF 2.0 စတင်
၂၀၂၃ နိုဝင်ဘာ
(၂၃) လအတွင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅) သန်း ရရှိ
၂၀၂၄ ဩဂုတ်
ထောက်ပို့တပ်သားဦးရေ ၃ သောင်း ပါဝင်ခဲ့
၂၀၂၄ စက်တင်ဘာ
(၃၄) လအတွင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၂၂) သန်း ရရှိ
၂၀၂၅ စက်တင်ဘာ
(၄၆) လအတွင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၃၀) သန်း ရရှိ
၂၀၂၆ ခုနှစ်မှစ၍
တပ်ရင်းထောက်ပံ့ငွေ တကြိမ်လျှင် (၁.၃) သန်းအထိ တိုးမြှင့်
လုပ်ငန်းတာဝန်
- ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ရဲ့ အဓိကရည်ရွယ်ချက်မှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာတွင် လက်နက်ကိုင်တော်လှန်ရေးအဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများရဲ့ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအကျဆုံး စားနပ်ရိက္ခာဖူလုံရေးကို ထောက်ပို့နိုင်ရန် ဖြစ်ပါတယ်။
- ကာကွယ်ရေးတပ်ရင်းများအတွက် စားနပ်ရိက္ခာနှင့် အထွေထွေအသုံးစရိတ်ကို လစဉ်ပြည့်မှီစွာ ထောက်ပို့နိုင်ရန်မှာ PRF ရဲ့ အရေးကြီးဆုံး လုပ်ငန်းတာဝန် ဖြစ်ပါတယ်။
- ပြည်သူ့ကာကွယ်ရေးတပ်သားများ ရှေ့တန်းမှာ စိတ်ဖြောင့်လက်ဖြောင့် စစ်တိုက်နိုင်ရေးအတွက် နောက်တန်းကနေ စားနပ်ရိက္ခာ ပြည့်မှီစွာထောက်ပို့နိုင်ရေး ။
- ပြည်သူ့ကာကွယ်ရေးတပ်မတော် ယခုထက် ပိုမိုကျစ်လစ်အောင် စုစည်းလာနိုင်ပြီး ကွပ်ကဲမှု အဆင့်ဆင့် (Chain of Command) တည်ဆောက်ရေးတွင် အထောက်အကူဖြစ်စေရေး။
- တိကျတဲ့ စီမံခန့်ခွဲမှုများဖြင့် ပြည်သူ့ဘဏ္ဍာကို လေလွင့်မှုမရှိဘဲ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် မြေပြင်တပ်ရင်းများအထိ မှန်ကန်စွာစီးဆင်းစေရန် စီစဉ်ပေးနိုင်ရေး။
- မှန်ကန်တဲ့ လမ်းကြောင်းမှတဆင့် တော်လှန်ရေးမှာ ပါဝင်ခြင်းအားဖြင့် ထောက်ပို့ပြည်သူများ အတတ်နိုင်ဆုံး ဘေးအန္တရာယ်ကင်းရှင်းစေရေး။
ရည်မှန်းချက်များ နှင့် ပန်းတိုင်များ
PRF ၏ အဆင့်ဆင့် ဆောင်ရွက်ပုံ

ထောက်ပို့တပ်သားများမှ တာဝန်ထမ်းဆောင်ခြင်း
ပြည်တွင်းပြည်ပမှ ထောက်ပို့တပ်သားတွေဟာ မိမိတို့နဲ့အကိုက်ညီဆုံး ငွေကြေးအမျိုးအစားဖြင့် ထောက်ပို့နိုင်ရန် ကမ္ဘာတဝှမ်းရှိ ထောက်ပို့တပ်သားစုဆောင်းရေးမှူးများနဲ့ ဆက်သွယ်ပြီး မိမိတို့ ထောက်ပို့ချင်တဲ့ တိုင်း/ပြည်နယ်ကို ရွေးချယ်ပြီး လစဉ် တာဝန်ထမ်းဆောင်လျက်ရှိကြပါတယ်။

ထောက်ပို့ငွေ ခွဲဝေပို့ဆောင်ပေးခြင်း
နိုင်ငံတကာမှ သက်ဆိုင်ရာ OFP အသိအမှတ်ပြု ထောက်ပို့တပ်သားစုဆောင်းရေးမှူး FR များမှတဆင့်ဖြစ်စေ PRF ရဲ့ တရား၀င် ချန်နယ်များမှ ဖြစ်စေ လစဉ် PRF တပ်သားတဦးချင်းစီကနေ တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့ငွေတွေကို လကုန်ပြီဆိုတာနဲ့ စာရင်းချုပ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနဆီ တိုက်ရိုက် လွှဲပြောင်းပေးပါတယ်။ရရှိလာတဲ့ထောက်ပို့ငွေတွေကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်လက်စီမံပြီး PDF တပ်ရင်း ၃၆၀ ကျော်ထံကို မြေပြင်အရောက် စစ်ရေးရုံး ( စစ်ရုံးချုပ်) ကနေ တဆင့် ပို့ဆောင်ပါတယ်။

ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှု
ဘဏ္ဍာငွေသုံးစွဲပုံနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာချက်များ ပုံမှန်ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ပြည်သူတော်လှန်ရေးထောက်ပို့တပ်- PRF ရဲ့ တရားဝင်ချန်နယ်တွေကနေတဆင့်လည်း လစဉ်စုဆောင်းရရှိနေသော ထောက်ပို့ငွေပမာဏကို ဖော်ပြပေးလျက်ရှိပါတယ်။ PRFမှ စုဆောင်းရရှိလာတဲ့ ထောက်ပို့ငွေကို PDF တပ်ရင်း ၃၆၀ ကျော်ရဲ့ လစဉ်စားနပ်ရိက္ခာထောက်ပံ့မှုအတွက် အဓိက ဦးစားပေးအသုံးပြုနေပြီး စုစုပေါင်း ရိက္ခာထောက်ပံ့ငွေရဲ့ ၈၅ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနိုင်လျက်ရှိလို့ အဓိကထောက်ပို့ငွေလမ်းကြောင်းအဖြစ် ရပ်တည်နေပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် ရွေးချယ်ထောက်ပို့မှုများမှ ပိုလျှံငွေများကို လည်း ထောက်ပို့တပ်သားများ ရွေးချယ်ထောက်ပို့ထားတဲ့ ဒေသရှိ တပ်ရင်း၊တပ်ဖွဲ့များအတွက် စွမ်းရည်မြှင့် လက်နက်များ၊ ခဲယမ်းများ၊ ကျည်ကာနဲ့ အခြားထုတ်လုပ်ရေးအသုံးစရိတ်များအတွက် ထည့်သွင်းအသုံးပြုပါတယ်။
ဘာကြောင့် PRF မှာ ထောက်ပို့သင့်တာလဲ။
- PRF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက ဦးဆောင်ပြုလုပ်တဲ့ တခုတည်းသော ဘဏ္ဍာငွေ ရှာဖွေရေး စီမံချက်ဖြစ်လို့ ယုံကြည်စိတ်ချစွာထောက်ပို့နိုင်ပါမယ်။
- ကိုယ့်ဘက်က အထိအခိုက်အနည်းဆုံး ဖြစ်ဖို့ Chain Of Command ကို အတူတကွ တည်ဆောက်နိုင်မယ်။
- တပ်ရင်းတွေအနေနဲ့ MOD ကတဆင့် အကြိမ်လိုက်ရရှိမယ့် တည်ငြိမ်တဲ့ ထောက်ပို့ငွေပေါ်မှာ တွက်ချက်ပြီး စစ်ရေးဗျုဟာရေးဆွဲနိုင်မယ်။
- တရားဝင်ထောက်ပို့တပ်သားစုဆောင်းရေးမှူးတွေဆီကတဆင့် ကိုယ်တိုင်တိုက်ရိုက်ပို့ရတာဖြစ်လို့ ဖြစ်လေ့ရှိတဲ့ ကြားလူခံပြီး အလိမ်ခံရတာမျိုး လုံးဝမဖြစ်တော့ပါဘူး။
- တပ်သားတစ်ယောက်ချင်းစီရဲ့ ဒေတာလုံခြုံမှုကို ဂရုစိုက်ပြီး သေချာကာကွယ်ပေးထားတဲ့အတွက် PRF မှာ ထောက်ပို့ခြင်းက လုံခြုံမှုရှိပါတယ်။
အစိုးရအကြီးအကဲများ၏ ထောက်ခံချက်များ
ယာယီသမ္မတ
“ကျွန်တော်တို့ဟာ တစ်ချိန်ကျရင် နွေဦးတော်လှန်ရေးသမိုင်းအကြောင်း မြေးမြစ်တွေကို ပြန်ပြောပြတဲ့အခါမှာ “ငါတို့တတွေဟာ ဘယ်လောက်ယုံကြည်ချက် ပြင်းထန်ခဲ့ကြောင်း၊ ဘယ်လောက်အထိ ခြေစုံရပ်မြှုပ်နှံခဲ့သူတွေဖြစ်ကြောင်း ဂုဏ်ယူစွာပြောပြနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီသမိုင်းကြောင်းမှာ ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သူတယောက်ဖြစ်ဖို့ PRF မှာ ထောက်ပို့တာဝန်ထမ်းဆောင်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် အတူတိုက်ပွဲဝင်ကြပါစို့။”
ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုဝန်ကြီး
"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF အစီအစဉ်ဟာ တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဆက်လက်ဆင်နွှဲဖို့အတွက် အင်မတန်အရေးကြီးတဲ့အစီအစဉ်ဖြစ်တယ်။ ဒီ PRF အစီအစဉ်ဟာ ထောက်ပို့ရဲဘော်တွေကို ကိုယ်ပိုင်နံပါတ်ထုတ်ပေးပြီးတော့ ထောက်ပို့ဆောင်ရွက်သူတွေဟာလည်း တော်လှန်ရေးရဲဘော်တွေပဲလို့ အသိအမှတ်ပြုပေးတဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။"
ဦးရည်မွန်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ဒုတိယဝန်ကြီး
“တော်လှန်ရေးကာလမှာ ရှေ့တန်းထွက်နိုင်ဖို့ PDF ရဲဘော် ၁ ယောက်အတွက် အနည်းဆုံး PRF ထောက်ပို့တပ်သား ၅ ယောက်လိုအပ်တယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေးခရီးကြမ်းကို ပြည်သူနဲ့အတူ ရှေ့ဆက်သွားနိုင်ဖို့က အင်မတန်အရေးကြီးလှပါတယ်။ PRF ရဲဘော်များလည်း အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ PDF ရဲဘော်များရဲ့ နောက်ကျောဘက်ကနေ အတူတကွ ဆက်လက်တိုက်ပွဲဝင်ပေးကြပါ။”
နိုင်ကောင်းရွက်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုဝန်ကြီး
“ပြည်သူလူထုအနေနဲ့ မိမိတို့တိမ်းညွှတ်တဲ့ ၊ သဒ္ဓါပေါက်တဲ့ စီမံကိန်းတွေမှာ ပူးပေါင်းပါဝင်ခြင်း ၊ PRF လိုအစီအစဉ်တွေမှာ ထောက်ပို့ပါဝင်ခြင်းအားဖြင့် တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အဓိကလိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေဟာ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ကနေ စီးဝင်နေခဲ့မယ်ဆိုရင် ပန်းတိုင်ကို မလွဲမသွေဧကန်ရောက်ရှိမှာဖြစ်ပါတယ်။”
ဦးတင်ထွန်းနိုင်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ယာယီသမ္မတ
“ကျွန်တော်တို့ဟာ တစ်ချိန်ကျရင် နွေဦးတော်လှန်ရေးသမိုင်းအကြောင်း မြေးမြစ်တွေကို ပြန်ပြောပြတဲ့အခါမှာ “ငါတို့တတွေဟာ ဘယ်လောက်ယုံကြည်ချက် ပြင်းထန်ခဲ့ကြောင်း၊ ဘယ်လောက်အထိ ခြေစုံရပ်မြှုပ်နှံခဲ့သူတွေဖြစ်ကြောင်း ဂုဏ်ယူစွာပြောပြနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီသမိုင်းကြောင်းမှာ ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သူတယောက်ဖြစ်ဖို့ PRF မှာ ထောက်ပို့တာဝန်ထမ်းဆောင်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် အတူတိုက်ပွဲဝင်ကြပါစို့။”
ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုဝန်ကြီး
"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF အစီအစဉ်ဟာ တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဆက်လက်ဆင်နွှဲဖို့အတွက် အင်မတန်အရေးကြီးတဲ့အစီအစဉ်ဖြစ်တယ်။ ဒီ PRF အစီအစဉ်ဟာ ထောက်ပို့ရဲဘော်တွေကို ကိုယ်ပိုင်နံပါတ်ထုတ်ပေးပြီးတော့ ထောက်ပို့ဆောင်ရွက်သူတွေဟာလည်း တော်လှန်ရေးရဲဘော်တွေပဲလို့ အသိအမှတ်ပြုပေးတဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။"
ဦးရည်မွန်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ဒုတိယဝန်ကြီး
“တော်လှန်ရေးကာလမှာ ရှေ့တန်းထွက်နိုင်ဖို့ PDF ရဲဘော် ၁ ယောက်အတွက် အနည်းဆုံး PRF ထောက်ပို့တပ်သား ၅ ယောက်လိုအပ်တယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေးခရီးကြမ်းကို ပြည်သူနဲ့အတူ ရှေ့ဆက်သွားနိုင်ဖို့က အင်မတန်အရေးကြီးလှပါတယ်။ PRF ရဲဘော်များလည်း အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ PDF ရဲဘော်များရဲ့ နောက်ကျောဘက်ကနေ အတူတကွ ဆက်လက်တိုက်ပွဲဝင်ပေးကြပါ။”
နိုင်ကောင်းရွက်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုဝန်ကြီး
“ပြည်သူလူထုအနေနဲ့ မိမိတို့တိမ်းညွှတ်တဲ့ ၊ သဒ္ဓါပေါက်တဲ့ စီမံကိန်းတွေမှာ ပူးပေါင်းပါဝင်ခြင်း ၊ PRF လို အစီအစဉ်တွေမှာ ထောက်ပို့ပါဝင်ခြင်းအားဖြင့် တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အဓိကလိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေဟာ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ကနေ စီးဝင်နေခဲ့မယ်ဆိုရင် ပန်းတိုင်ကို မလွဲမသွေဧကန်ရောက်ရှိမှာဖြစ်ပါတယ်။”
ဦးတင်ထွန်းနိုင်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ရဲဘော်များ၏ ထောက်ခံချက်များ
ထောက်ပို့တပ်သား စည်းရုံးရေးမှုးများ
ထောက်ခံအားပေးလျက်ရှိတဲ့ ထင်ရှားကျော်ကြားသူများ