အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် PRF အကြောင်းကို ဖတ်ရှုပါ။
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်လူမှုစာမျက်နှာတွင် PRF အကြောင်းကို ဖတ်ရှုပါ။

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back
Our Ambassador

ထောက်ပို့တပ်သား စည်းရုံးရေးမှူး မသန့်ဝေကျော်

ခေတ်စနစ် တခုကို ပြောင်းတဲ့အချိန်ဆိုတာ အသက်သွေး၊ချွေး၊ဘဝတွေပေးဆပ်ကြရပြီး အရင်းအနှီးတွေကြီးပါတယ်။ ကျွန်မတို့က လွတ်လပ်ရေးကြိုးပမ်းမှုခေတ် နောက်ပိုင်း အာဏာရှင် အဆက်ဆက်ထံကနေ ဒီမိုကရေစီရရှိဖို့ ဖက်ဒရယ်နိုင်ငံထူထောင်နိုင်ဖို့ ခေတ်တခုကို ပြောင်းရတဲ့ အချိန်မှာ ကြုံကြရတာ။ ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်ဆိုတဲ့အတိုင်း လျှောက်ခွင့်ထမ်းခွင့် ရတာကိုက ဂုဏ်ယူစရာပါပဲ။ ကိုယ့်မျိုးဆက်ကို ကောင်းမွန်တဲ့ နိုင်ငံတခု လက်ဆောင်ပေးနိုင်ဖို့အတွက် နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ အရာရာကို ကျော်ဖြတ်ပါတယ်။

မသန့်ဝေကျော်သည် အာဏာသိမ်းရန် ကြိုးပမ်းမှုမတိုင်ခင်ကပင် နိုင်ငံ့အရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း စွမ်းစွမ်းတမံပါဝင်လျက်ရှိသူတဦး ဖြစ်ပါသည်။ 2021 ခုနှစ် “ဖြစ်ကြောင်းကုန်စင် အညာတခွင်” အစီအစဉ်တွင် အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူလျက်ရှိပြီး အညာမြေမှ ရဲဘော်များ ပြည်သူများအကြောင်းကို ထင်ဟပ်ပြောကြားလေ့ရှိပါသည်။

NEXT AMBASSADORS