အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် PRF အကြောင်းကို ဖတ်ရှုပါ။
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်လူမှုစာမျက်နှာတွင် PRF အကြောင်းကို ဖတ်ရှုပါ။

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back
Our Ambassador

ထောက်ပို့တပ်သား စည်းရုံးရေးမှူး ဒါရိုက်တာကိုပေါက်

ခင်ဗျားတို့(တချို့) တွေ မြို့ပေါ်မှာ ပုံစံမပျက် အေးအေးဆေးဆေးနေချင်သလို နေကြပါ။ ရပါတယ်။ ကျနော်တို့တွေ အရင်ကထက်ပိုပြီးကြိုးစားပါ့မယ်။ ဒါပေမယ့် PRF 2.0 ရဲ့ ထောက်ပို့ရဲဘော် တာဝန်တော့ ထမ်းဆောင်ပေးကြပါ။ ဒီနည်းလမ်းက ရွေးချယ်စရာ မဟုတ်ဘူး။ နိုင်ငံကောင်းကောင်းတစ်ခုကို တကယ်မျှော်လင့်တယ် ဆိုရင် မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်ဖြစ်တယ်။

ဒါရိုက်တာကိုပေါက်သည် အောင်မြင်သောရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးများတွင် ဦးဆောင်ပါဝင်ခဲ့ပြီးနောက် စကစမှ ၁၇.၂.၂၀၂၁ တွင် ဖမ်းဝရမ်းထုတ်ခဲ့သဖြင့် နေအိမ်မပြန်နိုင်တော့ဘဲ ထွက်ပြေးခဲ့ရသည်။ နေထိုင်ရင်း "မသောက်မိသောမိုးခါးရေ၊ ရောင်နီလာရာလမ်း" မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးပြီး ရန်ပုံငွေရှာကာတော်လှန်ရေးအတွက် ထောက်ပံ့‌ပေးခဲ့သည်။ ရန်ပုံ‌ငွေရှာဖွေသောပရောဂျက်များစွာ၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် စည်းရုံးရေး အစီအစဉ်များကို online ရော မြေပြင်မှာပါ လုပ်ဆောင်နေသူဖြစ်ပါသည်။

NEXT AMBASSADORS