အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် PRF အကြောင်းကို ဖတ်ရှုပါ။
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်လူမှုစာမျက်နှာတွင် PRF အကြောင်းကို ဖတ်ရှုပါ။

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.

ပွဲမြန်မြန်သိမ်းဖို့ ငါတို့တာဝန်ပိုယူကြမယ်

တာဝန်အပိုင်းအခြားများအရ သတ်မှတ်ပေးထားတဲ့ တာဝန်ယူနိုင်မယ့် PDF တပ်သားဦးရေ ကို အောက်ပါဇယားတွင် ငွေကြေးပမာဏနဲ့အတူကြည့်ရှုနိုင်ပါတယ်။ 

တာဝန်ထမ်းဆောင်နိုင်သည့် နည်းလမ်းများ

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် သင့်အားအလိုရှိသည်။
ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက အောက်ပါ နည်းလမ်း (၃) မျိုးဖြင့် ပါဝင်နိုင်ပါတယ်

PFR HQ မှ တဆင့်
တာဝန်ထမ်းဆောင်ခြင်း

မြန်မာကျပ် နှင့် ထိုင်းဘတ် တို့ဖြင့် ပါဝင်လိုပါက PRF HQ ( PRF Messenger သို့မဟုတ် Telegram ) ကို တိုက်ရိုက် ဆက်သွယ်ပြီး ပါဝင်နိုင်ပါတယ်။
ဆက်သွယ်ရန်  

PRF ၏ တရားဝင် ထောက်ပို့တပ်သားစုဆောင်းရေးမှူး  - Fundraisers များ မှ
တဆင့်
တာဝန်ထမ်းဆောင်ခြင်း

နိုင်ငံတကာမှ ထောက်ပို့တပ်သားများအတွက် PRF ရဲ့ တရားဝင် ထောက်ပို့တပ်သားစုဆောင်းရေးမှူးများမှ နိုင်ငံခြားငွေကြေးများအလိုက်  နိုင်ငံအသီးသီးကနေ အားဖြည့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိမိတို့ရောက်ရှိနေထိုင်ရာဒေသများမှ နီးစပ်ရာ Fundraiser ကို ဆက်သွယ်ပါဝင်နိုင်ပါတယ်။ 
ထောက်ပို့တပ်သားစုဆောင်းရေးမှူးများကို ရှာဖွေရန်  

Credit Card ၊ Debit Card ဖြင့် 
တာဝန်ထမ်းဆောင်ခြင်း 

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ Credit Card ၊ Debit Card တွေ အသုံးပြုပြီးတာဝန်ထမ်းဆောင်နိုင်ဖို့ Card Payment system ကိုလည်း ပံ့ပိုးပေးထားပါတယ် ။ အသုံးပြုပုံက ပုံမှန် Payment Service တွေမှာ လုပ်ဆောင်သလို လွယ်ကူရှင်းလင်းပါတယ်။
Credit Card ၊ Debit Card ဖြင့် တာဝန်ထမ်းဆောင်ရန်  

အမေးများသောမေးခွန်းများ

ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် - PRF ဆိုတာ ဘာလဲ။
နိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များအတွက် နောက်တန်းထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန်  ကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်ဖွဲ့စည်းထားတဲ့  ပြည်သူ့တော်လှန်‌‌ရေးထောက်ပို့တပ်ဖွဲ့ဖြစ်ပါတယ်။
PRF ထောက်ပို့တပ်သားတစ်ယောက်ရဲ့  တာဝန်တွေက ဘာတွေလဲ။
PRFထောက်ပို့တပ်မှာ တပ်ဖွဲ့ဝင်ကြမယ်။
ထောက်ပို့တပ်သားစည်းရုံးရေး လုပ်ရမယ်။
ထောက်ပို့တပ် ဘယ်လိုဝင်ရမလဲ။
PRF- People’s Revolution Supply Family ရဲ့ Messenger m.me/prf4pdf ကိုဆက်သွယ်နိုင်သလို  ထောက်ပို့လိုတဲ့ ငွေကြေးအလိုက် သက်ဆိုင်ရာ  Fundraiser တွေကိုလည်း ဆက်သွယ်နိုင်ပါတယ်။
တလကို ဘယ်လောက်ထည့်ရမလဲ။
မြန်မာနိုင်ငံမှ တာဝန်ထမ်းဆောင်လိုပါက
အနည်းဆုံး - ၃၀,၀၀၀ ကျပ်
ထိုင်းနိုင်ငံမှ တာဝန်ထမ်းဆောင်လိုပါက
အနည်းဆုံး - ၃၀၀ ဘတ်
အခြားနိုင်ငံများ တာဝန်ထမ်းဆောင်လိုပါက  ဒေါ်လာ ၂၀  မှစပြီး
မိမိတို့ဆန္ဒရှိသလောက် ထောက်ပို့တာဝန် ထမ်းဆောင်နိုင်ပါတယ်။
ထောက်ပို့‌ငွေကို ကြိုတင်ပေးလို့ရလား ။
မိမိတို့ တတ်နိုင်သလောက် ၂ လ၊ ၃ လ၊ ၆ လ၊ ၁ နှစ်  စသဖြင့် ကြိုတင်ထောက်ပို့နိုင်ပါတယ်။ မိမိတို့ ထောက်ပို့ထည့်ဝင်ထားတဲ့ လစဉ်တိုင်းအတွက် ထောက်ပို့တပ်သားကတ်ကို ကြိုတင် ပို့ဆောင်သွားမှာဖြစ်ပါတယ်။
 မထည့်ဝင်နိုင်တဲ့လတွေရှိရင် ရပ်လို့ရပါသလား။
 မိမိတို့ ထောက်ပို့ဖို့ အဆင်မပြေတဲ့လတွေမှာ ထည့်ဝင်မှုကိုရပ်နားနိုင်ပြီး အဆင်ပြေတာနဲ့ ပြန်လည်ထည့်ဝင်နိုင်တဲ့အပြင် မိမိတို့ရရှိထားတဲ့ ထောက်ပို့တပ်သားကိုယ်ပိုင်အမှတ်များအတိုင်း ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။
ထောက်ပို့ငွေကို ဘယ်လိုအသုံးပြုမှာလဲ မြေပြင်ကို တကယ်ရောက်ကြောင်းဘယ်လိုသိရမလဲ။
မြေပြင်တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်တွေရဲ့ စားနပ်ရိက္ခာ နဲ့ အထွေထွေ အသုံးစရိတ် ကို အဓိက ဦးစားပေးအသုံးပြုမှာဖြစ်ပြီးတော့ ပိုလျှံပါက ထောက်ပို့တပ်သားများ ထောက်ပို့ထားသော ဒေသရှိ ရဲဘော်တွေရဲ့ စွမ်းရည်မြှင့် လက်နက်များ၊ ကျည် နဲ့ ခဲယမ်းများ၊ ထုတ်လုပ်ရေးအသုံးစရိတ်များနဲ့ ဆေးဝါးများအတွက်လည်း ထည့်သွင်းအသုံးပြုသွားပါမယ်။
ရန်ပုံငွေအသုံးပြုပုံနှင့် ပတ်သက်တဲ့ သတင်းအချက်အလက်များကို ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် (PRF) နဲ့  ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ တင်ပြပေးလျက်ရှိပါတယ် ။
PRF မှာ ထောက်ပို့ချင်တဲ့ တိုင်း၊ ပြည်နယ်တွေကို ရွေးပြီး ထောက်ပို့လို့ ရလား။
ထောက်ပို့တပ်သားများအနေနဲ့ မိမိတာဝန်ထမ်းဆောင်လိုသော သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်ကို ရွေးချယ်ခွင့် ရရှိမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ် ထောက်ပို့တပ်သားအင်အားအလိုက် သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်များသို့ ခွဲဝေထောက်ပို့သွားမှာဖြစ်ပါတယ် ။
တိုင်းနဲ့ပြည်နယ် မ‌ရွေးချယ်ဘဲ ထောက်ပို့လို့ရလား။ အဲ့ဒီထောက်ပို့ငွေကိုရော ဘယ်မှာသုံးမှာလဲ။
တိုင်းနဲ့ပြည်နယ်မရွေးဘဲ တနိုင်ငံလုံးအနေနဲ့လည်း ထောက်ပို့လို့ရပါတယ်။ ဒီထောက်ပို့ငွေတွေကို တိုင်းနဲ့ပြည်နယ်အလိုက် လိုအပ်ချက်ရှိတဲ့ နေရာတွေမှာ မြေပြင်အရောက် ခွဲဝေထောက်ပံ့သွားမှာဖြစ်ပါတယ်။
ဘယ်နေရာကို ဘယ်လောက် ထောက်ပို့နေကြလဲ သိရမှာလား ။
လစဉ် ဘယ်ဒေသတွေကို ထောက်ပို့တပ်သား ဘယ်နှစ်ယောက်က ထောက်ပို့နေတယ်ဆိုတာကို  တိုင်းနဲ့ပြည်နယ်အလိုက် ကြေညာပေးလျက်ရှိပါတယ်။  ထောက်ပို့ထားသော ရန်ပုံငွေနဲ့  တပ်ရင်းများရဲ့ လက်ခံရရှိကြောင်းမှတ်တမ်းဗီဒီယိုများကိုလည်း ထောက်ပို့တပ်သားများထံ  သတင်းပြန်လည်ပေးပို့လျက်ရှိပါတယ် ။
ထောက်ပို့တပ်သားကတ်မှာ ပါတဲ့ QR code က ဘယ်လိုအသုံးပြုရတာလဲ။
ထောက်ပို့တပ်သားကတ်မှာ မိမိရဲ့ တော်လှန်ရေးကိုယ်ပိုင်နံပါတ် ၊ ဘယ်တိုင်းနဲ့ပြည်နယ်ရဲ့ ထောက်ပို့တပ်သား (ဥပမာ - စစ်ကိုင်းတိုင်းထောက်ပို့တပ်သား ) ဆိုတာကို ဖော်ပြပေးထားပါတယ် ။ ကတ်မှာပါဝင်တဲ့  QR codeကို scan ဖတ်ပြီး  မိမိရဲ့  တော်လှန်ရေးတလျောက်မှာ  ထောက်ပို့ခဲ့တဲ့ မှတ်တမ်းကို ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
တလကို တနေရာရွှေ့ပြောင်းပြီး ထောက်ပို့လို့ရနိုင်မှာလား ။
ရပါတယ်။ ထောက်ပို့တပ်သားကတ်တွေကို လအလိုက် ထောက်ပို့တဲ့နေရာဒေသအတိုင်း မိမိရဲ့  တော်လှန်ရေးကိုယ်ပိုင်နံပါတ်နဲ့ပဲ ပြန်လည်ပေးပို့ပေးသွားပါမယ်။
ထောက်ပို့တပ်သားကတ်က ဘယ်လောက်ကြာရင် ရမှာလဲ။
ထောက်ပို့တပ်သားကတ်တွေကို နှစ်ပတ်အတွင်း မေးလ်ကနေတဆင့် ပို့ဆောင်ပေးနေပါတယ် ။
မေးလ်မရှိရင်ရော ပါဝင်လို့ရလား။
ရပါတယ် ။ PRF - People’s Revolution Supply Family Page ကို ဆက်သွယ်နိုင်သလို သက်ဆိုင်ရာ Fundraisers တွေဆီကိုလည်း ဆက်သွယ်နိုင်ပါတယ် ။ အသေးစိတ်ကို Admin များမှ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
ပါဝင်နေတဲ့ FR  က မှန်ကန်မှု ရှိ/မရှိ ဘယ်လိုသိနိုင်မလဲ။
PRF ရဲ့ တရားဝင် ထောက်ပို့တပ်သားစုဆောင်းရေးမှူးများ စာရင်းကို ဝက်ဘ်ဆိုက်ရဲ့ ထောက်ပို့တပ်သားစုဆောင်းရေးမှူးများ ကဏ္ဍမှာ ကြည့်ရှုနိုင်သလို လူမှူစာမျက်နှာမှာလည်း  ကြေငြာပေးထားပါတယ် ။
✅တရားဝင်ထောက်ပို့တပ်သားစုဆောင်းရေးမှူးများ - - https://www.facebook.com/share/p/5Gut8S9ud8N4nTjC/
ရရှိလာတဲ့ ထောက်ပို့တပ်သားကတ်က ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ ကတ် မှန်ကန်မှူ ရှိ/မရှိ ဘယ်လိုစစ်လို့ရလဲ။
ထောက်ပို့တပ်သားကတ်မှာပါတဲ့ QR ကို scan ဖတ်လိုက်ရင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ မှတ်တမ်းတင်ဂုဏ်ပြုထားသော ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) ကတ် များဖြစ်ကြောင်း စစ်ဆေးအတည်ပြုနိုင်တဲ့  “prf-verify.modnug.org” ဝက်ဘ်ဆိုဒ်ကို ရောက်သွားမှာဖြစ်ပါတယ်။

ဆက်သွယ်ရန်

Thank you! Your submission has been received!
Oops! Something went wrong while submitting the form.