ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်
ပြည်သူ့တော်လှန်ရေးထောက်ပို့
တပ် - PRF
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ဆိုတာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း တပ်ဖွဲ့များအတွက် နောက်တန်းထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနကနေ တရားဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်ဖွဲ့ ဖြစ်ပါတယ်။ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (PDF) များအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာ ဖူလုံနိုင်ရေး ရည်မှန်းချက်ဖြင့် မြေပြင်တပ်ရင်း /စစ်ကြောင်းများဆီသို့ ပုံမှန်ထောက်ပံ့နေတဲ့ အလွန်အရေးပါတဲ့ အစီအစဉ်တခုဖြစ်ပါတယ်။ နောက်တန်း ရိက္ခာ ဖူလုံမှ ရှေ့တန်းမှာ စိတ်ဖြောင့် လက်ဖြောင့် စစ်တိုက်နိုင်ပါမယ်။ ဒီအတွက် ထောက်ပို့ခြင်းကို တာဝန်တရပ်အနေဖြင့် လေးလေးနက်နက် အပ်နှင်းထားခြင်းဖြစ်ပါတယ်။
စုဆောင်းရရှိထားသော ဘဏ္ဍာငွေ
စုစုပေါင်း ပမာဏ
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF အစီအစဉ်၏ (၄၆) လတာအတွင်း (၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ) အထိ ကောက်ခံရရှိသည့် ဘဏ္ဍာငွေ စုစုပေါင်းပမာဏ ဖြစ်ပါတယ်။ ဘဏ္ဍာငွေအသုံးပြုပုံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF နှင့် ကာကွယ်ရေးဝန်ကြီးဌာန (MOD) တို့ရဲ့ သတင်းစာမျက်နှာများမှတဆင့် တင်ပြပေးလျက်ရှိပါတယ် ။

“ကျွန်တော်တို့ဟာ တစ်ချိန်ကျရင် နွေဦးတော်လှန်ရေးသမိုင်းအကြောင်း မြေးမြစ်တွေကို ပြန်ပြောပြတဲ့အခါမှာ “ငါတို့တတွေဟာ ဘယ်လောက်ယုံကြည်ချက် ပြင်းထန်ခဲ့ကြောင်း၊ ဘယ်လောက်အထိ ခြေစုံရပ်မြှုပ်နှံခဲ့သူတွေဖြစ်ကြောင်း ဂုဏ်ယူစွာပြောပြနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီသမိုင်းကြောင်းမှာ ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သူတယောက်ဖြစ်ဖို့ PRF မှာ ထောက်ပို့တာဝန်ထမ်းဆောင်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် အတူတိုက်ပွဲဝင်ကြပါစို့။”

“ပြည်သူ့တော်လှန်ရေးကြီးဆင်နွှဲနေချိန်မှာ ထောက်ပို့တပ် (PRF) ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်တွင်းပြည်ပက တာဝန်ထမ်းဆောင်နေကြတဲ့ PRF ရဲဘော်များအားလုံးကို လေးစားကျေးဇူးတင်ပါတယ်။ ရှေ့တန်းက ရဲဘော်တွေဟာ အခက်အခဲပေါင်းစုံကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နောက်တန်းက ထောက်ပို့တပ်ရဲ့ အင်အား အထူးလိုအပ်ပါတယ်။ ဒါကြောင့် တော်လှန်ပြည်သူများအားလုံး PRF မှာ ပါဝင်ကြပါ။ PRF တပ်သားဖြစ်တာကို ဂုဏ်ယူကြပါ။”

“ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ပါဝင်ကြပါ။ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး မလုံလောက်ဘဲ ၊ မခိုင်မာဘဲ ဘယ်လိုတိုက်ပွဲဝင်မလဲ။ တော်လှန်ရေးအောင်မြင်စေချင်ရင် တော်လှန်ပြည်သူတိုင်း PRF မှာ ပါဝင်ပါ။”

"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF အစီအစဉ်ဟာ တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဆက်လက်ဆင်နွှဲဖို့အတွက် အင်မတန်အရေးကြီးတဲ့အစီအစဉ်ဖြစ်တယ်။ ဒီ PRF အစီအစဉ်ဟာ ထောက်ပို့ရဲဘော်တွေကို ကိုယ်ပိုင်နံပါတ်ထုတ်ပေးပြီးတော့ ထောက်ပို့ဆောင်ရွက်သူတွေဟာလည်း တော်လှန်ရေးရဲဘော်တွေပဲလို့ အသိအမှတ်ပြုပေးတဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။"

“ပြည်သူလူထုအနေနဲ့ မိမိတို့တိမ်းညွှတ်တဲ့ ၊ သဒ္ဓါပေါက်တဲ့ စီမံကိန်းတွေမှာ ပူးပေါင်းပါဝင်ခြင်း ၊ PRF လိုအစီအစဉ်တွေမှာ ထောက်ပို့ပါဝင်ခြင်းအားဖြင့် တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အဓိကလိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေဟာ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ကနေ စီးဝင်နေခဲ့မယ်ဆိုရင် ပန်းတိုင်ကို မလွဲမသွေဧကန်ရောက်ရှိမှာဖြစ်ပါတယ်။”
.png)
“နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ အခွန်အကောက်တွေနဲ့ လက်နက်တွေ ဒရုန်းတွေဗုံးတွေ စုဆောင်းရပေမယ့် ဒီနေ့ အသက်ပေးတိုက်နေရတဲ့ ပြည်သူ့ PDF သားသမီးတွေ အတွက် နေ့စဉ်ရိက္ခာနဲ့ ပုံမှန်ခဲယမ်းတွေလိုနေပါတယ်။ PRF ဆိုတာ ဒီ အတွက်ပါ။ လစဉ်မများလှတဲ့ ငွေပမာဏနဲ့ တော်လှန်ရေးထောက်ပို့ စစ်သည်အဖြစ် ခံယူပါဝင်ပေးကြပါ။”

“ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အတွက် ထောက်ပို့တပ်သားများကို လိုအပ်နေပါတယ်။ ရှေ့တန်းမှာ အသက်စွန့်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ အာဟာရပြည့်ဝဖို့ရိက္ခာလိုပါတယ်။ ရဲဘော်တွေရဲ့ ရိက္ခာအတွက် ပြည်သူတွေ လိုပါတယ်။ စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးအတွက် ပြည်သူတိုင်း ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းပါရစေ။ ကျွန်မရဲ့ ကိုယ်ပိုင်အမှတ်ကတော့ PRF - 5002 - 0050598 ဖြစ်ပါတယ်။”

“ဒီတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပါတယ်။ “An empty stomach cannot fight” ဆိုတဲ့ ဆိုရိုးစကားလို ဘယ်သူမှ ဗိုက်ဟောင်းလောင်းနဲ့ တိုက်ပွဲမဝင်နိုင်ပါဘူး။ ဒါကြောင့် ဒီတိုက်ပွဲမှာ ရှေ့ဆုံးက အသက်စွန့်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်များရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တော်လှန်ပြည်သူအားလုံး (မေတ္တာ + တာဝန်) မေတ္တာဝန်ကို မျှယူကြစေလိုပါတယ်။ ပြည်သူတရပ်လုံး PRF ကို မေတ္တာဝန်နဲ့ ကူညီကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။”

“တော်လှန်ရေးကာလမှာ ရှေ့တန်းထွက်နိုင်ဖို့ PDF ရဲဘော် ၁ ယောက်အတွက် အနည်းဆုံး PRF ထောက်ပို့တပ်သား ၅ ယောက်လိုအပ်တယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေးခရီးကြမ်းကို ပြည်သူနဲ့အတူ ရှေ့ဆက်သွားနိုင်ဖို့က အင်မတန်အရေးကြီးလှပါတယ်။ PRF ရဲဘော်များလည်း အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ PDF ရဲဘော်များရဲ့ နောက်ကျောဘက်ကနေ အတူတကွ ဆက်လက်တိုက်ပွဲဝင်ပေးကြပါ။”

“ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ပါဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မိဘပြည်သူတွေ သိကြပါတယ်။ မြေပြင်မှာ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာအတွက် တတ်နိုင်သလောက် ပါဝင်ပေးကြဖို့ တလေးတစားတိုက်တွန်းလိုပါတယ်။”

“ဒီတော်လှန်ရေးဟာ ပြည်သူတွေ ကိုယ်တိုင် စတင်ဆင်နွှဲတဲ့ ပြည်သူ့တော်လှန်ရေး ဖြစ်ပါတယ်။ ပြည်သူအများစုဟာ မတရားမှုကို ခိုင်ခိုင်မာမာ ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ရပ်တည်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ အင်အားဟာ စုစည်းထားတဲ့ သန္နိဋ္ဌာန်ပေါ်မှာ အခြေခံတာကြောင့် PRF ကို စုပေါင်းထောက်ပို့ အားဖြည့်ပေးဖို့က မရှိမဖြစ် အရေးကြီးပါတယ်။”

“တော်လှန်မိဘပြည်သူများခင်ဗျာ.... ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ကို တခဲနက် ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ကို အလေးအနက် တိုက်တွန်းနှိုးဆော်လိုပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ ကျွန်တော်တို့ တစ်ဦးတယောက်ချင်းစီက တာဝန်ကျေကြဖို့ လိုပါတယ်။ အဆုံးထိ အားမလျော့ဘဲ ဆက်ချီတက်သွားကြမယ်။”
.png)
“ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် တော်လှန်ရေးတပ်ဦးဖြစ်တဲ့ ပြည်သူတွေရဲ့ ပါဝင်မှုဟာ အရေးပါလှပါတယ်။ စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် တော်လှန်ပြည်သူများအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF အဖြစ် ပါဝင်ကြဖို့ တိုက်တွန်းပါတယ်။”

"စစ်ဗျူဟာက ဘယ်နေရာမှာ တိုက်ရမယ်ဆိုတာ ဆုံးဖြတ်ပေးပြီး၊ ထောက်ပို့စနစ်ကတော့ အဲဒီနေရာကို ရောက်အောင် ပို့ဆောင်ပေးတာ ဖြစ်တယ်။"
.png)
ရန်သူ့ ပိတ်ဆို့မှုတွေကို ကျော်လွှားပြီး အောင်ပွဲကို ငါတို့လက်ထဲ ဘယ်လို အရယူမလဲ?