

သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ်၊ မေလ (၇) ရက်နေ့
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည်မှ စတင်၍ ယနေ့အချိန်ထိ တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၂၇) ကြိမ်တိတိ ပေးပို့ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၂၄.၉) သန်းခန့် ဖြစ်ပါသည်။
၂။ ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့ (၃၀၀) ကျော်ကို ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ယခုပေးပို့ပြီးစီးခဲ့သည့် (၂၇)ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အဖြစ် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၀.၉) သန်းခန့် သုံးစွဲခဲ့ပါသည်။
၃။ အဆိုပါ တပ်ရင်းထောက်ပံ့စရိတ်များ၏ (၉၀) ရာခိုင်နှုန်းဖြစ်သည့် ခန့်မှန်းအမေရိကန်ဒေါ်လာ (၂၂.၅) သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်၏ (၃၄)လတာအတွင်း (၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ) ကောက်ခံရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နုတ်သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။
၄။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) စတင်သည့် အချိန်မှ ယနေ့တိုင် တာဝန်တခုအနေဖြင့် ထမ်းဆောင်ခဲ့ကြသူ တဦးချင်းစီတိုင်းကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်းနှင့် တော်လှန်ရေး၏အရေးကြီးသည့် ကာလအပိုင်းအခြားသို့ ရောက်ရှိနေပြီဖြစ်၍ ပြည်သူလူထုအနေဖြင့်လည်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) နှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းစဥ်များတွင် တတ်အားသရွေ့ပါဝင်ကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
[English Text Below]
Press Release
7th May, 2025
1. Since the establishment of the People's Defence Force (PDF), the Ministry of Defence of the National Unity Government has rendered critical support on 27 occasions to PDF battalions and columns. This assistance has entailed appropriately EUSD 24.9 million.
2. Over 300 battalions and columns have been effectively deployed nationwide. The latest, 27th wave of support, directed toward these battalions, amounted to an estimated EUSD 0.9 million.
3. Significantly , 90 percent of the total expenses associated with these efforts- approximately EUSD 22.5 million - have been financed through the People’s Revolution Supply Family (PRF) Program. This remarkable achievement spans the 34-month period from December 2021 to September 2024.
4. The Ministry of Defence reiterates its unwavering commitment to recognizing and honoring the invaluable contributions of individuals to the PRF program since its inception. At this critical juncture in the revolution, the public is urged to continue their active participation in the PRF initiative and the National Unity Government's broader fundraising endeavors.
Ministry of Defence
The National Unity Government