
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေ ရှာဖွေရေး အစီအစဉ်တစ်ခု ဖြစ်သည့် PRF - ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစု အစီအစဉ် စတင်ခဲ့သည့်အချိန်ကပင် ယနေ့ထက်တိုင် လစဉ်မပျက် ထည့်ဝင်ပေးခဲ့ကြသော ထောက်ပို့ မိသားစု ရဲဘော်များ ၊ Fundraiser များ နှင့် OFP အဖွဲ့ဝင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
၂။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ်မှ တဆင့် (၁၅) လ တာ ကာလအတွင်း ဘဏ္ဍာငွေ ခန့်မှန်းအမေရိကန်ဒေါ်လာ (၉.၄၂) သန်း ရရှိခဲ့ပါသည်။ အဆိုပါ ဘဏ္ဍာငွေများကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၏ ရိက္ခာထောက်ပံ့ငွေအဖြစ် သုံးစွဲခဲ့ပြီး စုစုပေါင်း ရိက္ခာ ထောက်ပံ့ငွေ ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။
၃။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ်မှ ရရှိသည့် ဘဏ္ဍာငွေ များကို စနစ်တကျလက်ခံ၍ တပ်ရင်းများ၏ ရိက္ခာဖူလုံရေးကိစ္စရပ်များတွင် အဓိက အသုံးပြုနေပြီး လစဉ် အသုံးပြုနေ မှုများကို သင့်တော်သလို သတင်းထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
[English Text Below]
Press Release from the Ministry of Defence on the Utilization of PRF Contributions
31st Mar 2023
The Ministry of Defense expresses its deep gratitude to PRF members, fundraisers, and OFP members who have steadfastly contributed since the inception of the People's Revolution Supply Family (PRF) , an official fundraising program of the Ministry of Defence , the National Unity Government Myanmar.
Over a 15-month period, the Ministry of Defence received approximately $9.42 million in funding through the People's Revolution Supply Family. These funds were allocated to provide food assistance to the People's Defense Force battalions, and columns , covering approximately 75 percent of the total expenses.
The Ministry of Defence is systematically receiving funds from the People's Revolution Supply Family and primarily allocating them to strengthen food security for the battalions. Monthly reports on fund utilization will be released as appropriate.
Ministry of Defence
National Unity Government