အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် PRF အကြောင်းကို ဖတ်ရှုပါ။
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်လူမှုစာမျက်နှာတွင် PRF အကြောင်းကို ဖတ်ရှုပါ။

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back

သတင်းထုတ်ပြန်ချက်

14.08.2026

သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည့်အချိန်မှစတင်၍ (၃၈)ကြိမ်အထိ ပေးအပ်ခဲ့ပြီး တစ်ကြိမ်လျှင် ပျမ်းမျှအားဖြင့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၀.၉၆ သန်းခန့် သုံးစွဲခဲ့ပါသည်။

၂။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံနှင့်တဝှမ်း ဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း (၃၆၀) ကျော်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်မှစတင်၍ တပ်ရင်း ထောက်ပံ့မှု တစ်ကြိမ်လျှင် ခန့်မှန်းအမေရိကန်ဒေါ်လာ (၁.၃) သန်းခန့်အထိ တိုးမြှင့် ထောက်ပံ့လျက်ရှိပါသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေး တပ်ရင်း၊ အဖွဲ့များကိုလည်း (၃၆) ကြိမ်မြောက်မှ စတင်၍ တိုးချဲ့ ထောက်ပံ့လျက်ရှိပါသည်။

၃။ ယနေ့အချိန်အထိ သုံးစွဲခဲ့သည့် တပ်ရင်းထောက်ပံ့စရိတ်များ၏ (၈၅) ရာခိုင်နှုန်းကျော် ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း (၃၀) ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဉ်၏ (၄၆) လတာအတွင်း (၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ) ကောက်ခံရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နှုတ်၍ သုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။

၄။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) စတင်သည့် အချိန်မှ ယနေ့တိုင် ခိုင်မာသော သန္နိဋ္ဌာန်၊ ပြတ်သားသော ယုံကြည်ချက်တို့ဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသူ တစ်ဦးချင်းစီကို အထူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ လက်ရှိပြည်သူ့တော်လှန်ရေးသည် အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ပြည်သူတစ်ရပ်လုံး၏ စုပေါင်းအင်အားဖြင့်သာ မလွဲဧကန် အောင်ပွဲရရှိမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဉ်နှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းစဉ်များတွင် မိမိတို့ တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြပါရန် အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ⁩


[English Text Below]

⁨⁨Press Release
14th August 2026

1. Since the establishment of the People's Defence Force (PDF), the Ministry of Defence of the National Unity Government has disbursed critical support on 38 occasions to PDF battalions and columns, expending an average of approximately USD 0.96 million on each occasion.

2. The Ministry of Defence has successfully distributed support to over 360 PDF battalions, columns, and military fronts nationwide. Starting from 2026, the budget for battalion support has been increased to approximately USD 1.3 million per disbursement. Furthermore, support has been expanded to military columns of the People's Defence Organizations (PDO/PaKaFa) starting from the 36th disbursement onwards.

3. Of the total battalion support expenditure to date, approximately 85 percent of total battalion support expenses—approximately USD 30 million—has been funded through contributions collected by the People's Revolution Supply Family (PRF) program over a 46-month period from December 2021 to September 2025.

4. The Ministry of Defence honors the steadfast service and dedication of all individuals who have supported the PRF program since its inception. As the people's revolution reaches a decisive turning point, victory can be assured only through the collective strength of the entire people. The Ministry therefore calls upon all the people to continue their active and enthusiastic participation in the PRF program and other fundraising efforts of the National Unity Government.

Ministry of Defence
National Unity Government⁩