အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် PRF အကြောင်းကို ဖတ်ရှုပါ။
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်လူမှုစာမျက်နှာတွင် PRF အကြောင်းကို ဖတ်ရှုပါ။

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back

PRF ထောက်ပို့မြေပြင် စည်းရုံးရေး

18.04.2024

Australia တောင်ပိုင်း Adelaide မြို့မှာ သရုပ်ဆောင်မင်းမော်ကွန်း၊ အဆိုတော်ခရစ်စတိုဖာတို့ ပါ၀င်တဲ့ တော်လှန်သင်္ကြန်စတိတ်ရှိုးပွဲပြုလုပ်ခဲ့ရာ မြို့နေပြည်သူများအနေနဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRFကို သိရှိပြီး ပါဝင်တာဝန်ထမ်းဆောင်နိုင်စေဖို့ စည်းရုံးရေးပါ တပါတည်း ပြုလုပ်ခဲ့ကြပါတယ်။ 

တနိုင်ငံလုံး PDF တကမ္ဘာလုံး PRF ဆိုတဲ့အတိုင်းပဲ ကမ္ဘာ့နေရာအနှံ့အပြားမှာ PRF ထောက်ပို့တပ်သားတွေ တိုးပွါးဖို့ လိုအပ်ပါတယ်။ အချို့က တာဝန်ထမ်းဆောင်လိုကြပေမယ့် PRF အကြောင်း မသိရှိသေးတဲ့အတွက် မပါဝင်နိုင်တာမျိုး ရှိပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုး နေရာအရပ်ရပ်မှာ မြေပြင်စည်းရုံးတွေ ပြုလုပ်နိုင်တာဟာ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရှိပါတယ်။ 

ဒါ့ကြောင့် ပါဝင်အားဖြည့်ပေးကြတဲ့ ရဲဘော်တဦးတယောက်စီတိုင်းကိုလည်း လေးစားပါတယ်။ အခုလိုပဲ PRF ထောက်ပို့ရဲဘော် တဦးချင်းစီအနေနဲ့လည်း ကိုယ့်အနီးဝန်းကျင်မှာရှိတဲ့ ရင်ဘတ်ချင်းတူသူ မိတ်ဆွေတွေကို စည်းရုံးပေးကြဖို့ တိုက်တွန်းပါရစေ။

လာပါ… ငါတို့ အတူတူရုန်းမယ်။ 

[English Text Below]

In Adelaide, Southern Australia, a revolutionary Thingyan festival stage show was held, featuring actor Min Maw Kun and singer Christopher. During the event, organizers also conducted a mobilization campaign to raise awareness of the People's Revolution Supply Family (PRF) and encourage local residents to join PRF.
As reflected in the slogan “Nationwide PDF, Worldwide PRF,” expanding PRF membership globally remains a strategic priority. While many individuals are eager to contribute, a lack of awareness continues to limit participation. This is why conducting ground mobilization efforts leads to positive outcomes.

Gratitude is extended to each and every supporter who has contributed to this cause. PRF members are encouraged to keep reaching out and bringing others on board in their communities.
Together we address the challenges.