အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် PRF အကြောင်းကို ဖတ်ရှုပါ။
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်လူမှုစာမျက်နှာတွင် PRF အကြောင်းကို ဖတ်ရှုပါ။

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back

တပ်ရင်းထောက်ပံ့ပေးအပ်မှု အနှစ်ချုပ်

24.08.2026

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များအား  တပ်ရင်းထောက်ပံ့ပေးအပ်မှု အနှစ်ချုပ်
________________

🔺 ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  စတင်ဖွဲ့စည်းချိန်ကစပြီး ယနေ့အထိ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်ကို (၃၈) ကြိမ် အထိ ပေးပို့ခဲ့ပါတယ်။
🔺 ပို့ဆောင်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၆၀) ကျော်ကို ပေးပို့ခဲ့တာဖြစ်ပြီး  (၃၆) ကြိမ်မြောက်ကစပြီး  ပကဖ တိုက်ခိုက်ရေးတပ်ရင်းတွေကိုပါ တိုးချဲ့ ပေးအပ်ခဲ့ပါတယ်။
🔺 တပ်ရင်းထောက်ပံ့တကြိမ်ပေးအပ်ရင် ယခင်က ခန့်မှန်းအမေရိကန်ဒေါ်လာ ၉ သိန်းကျော် သုံးစွဲခဲ့ပြီး ၂၀၂၆ ခုနှစ်က စပြီး ၁.၃ သန်းအထိ တိုးမြှင့် သုံးစွဲလျက်ရှိပါတယ်။
🔺 စုစုပေါင်းတပ်ရင်းထောက်ပံ့စရိတ်တွေအားလုံးရဲ့ (၈၅%) ဖြစ်တဲ့ ခန့်မှန်းအမေရိကန်ဒေါ်လာ သန်း  (၃၀) ကျော်ကို PRF ရဲ့ ၄၆ လတာကာလအတွင်း (၂၀၂၁ ဒီဇင်ဘာမှ - ၂၀၂၅ စက်တင်ဘာအထိ ) ထောက်ပို့တပ်သားများတာဝန်ထမ်းဆောင်ထားတဲ့ ဘဏ္ဍာငွေတွေထဲက ထုတ်နုတ်သုံးစွဲခဲ့တာဖြစ်ပါတယ်။
🔺 တပ်ရင်းရိက္ခာနှင့်အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနှင့်ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနှင့် မဟာမိတ်မျှဝေမှုများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိပါတယ်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့ငွေများ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် မြေပြင်ကို စနစ်တကျ စီးဆင်းမှုကို PRF ထောက်ပို့တပ်သားများ နဲ့ ပြည်သူလူထု သိရှိစေဖို့ အသိပေးတင်ပြအပ်ပါတယ်။

တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ PRF ထောက်ပို့တပ်သားများကို လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

THANK YOU FOR YOUR "SERVICE"
တာ၀န်ထမ်းဆောင်မှုအတွက် လေးစားပါတယ်။

လာပါ ငါတို့အတူတူရုန်းမယ်။


[English Text Below]

Summary of Support Provided to People’s Defence Force (PDF) Battalions and Units by the Ministry of Defence of the National Unity Government

🔺 Since the establishment of the People’s Defence Force (PDF), the Ministry of Defence of the National Unity Government has provided battalion support on 38 occasions to date.

🔺 The Ministry of Defence has distributed support to more than 360 PDF battalions and columns nationwide. Starting from the 36th disbursement, support was also expanded to include combat battalions of the People’s Defence Organizations (PDO/PaKaFa).

🔺 Previously, approximately USD 0.9 million was expended on each round of battalion support. Since 2026, the budget has been increased to approximately USD 1.3 million per disbursement.

🔺 Approximately 85 percent of the total battalion support expenditure to date, amounting to more than USD 30 million, was funded through contributions collected by the People’s Revolution Supply Family (PRF) over a 46-month period from December 2021 to September 2025.

🔺 In addition to battalion support, the Ministry of Defence also allocates funds from the Union Fund for the purchase and production of military equipment, food and medicine, training, military operations, and support shared with allied forces.

The Ministry of Defence provides this information so that PRF supporters and the public can understand how contributions made through the PRF program have been systematically disbursed to the ground through the Ministry of Defence.

The Ministry of Defence respectfully honors and expresses its appreciation to all PRF supporters who have demonstrated steadfast service and dedication.

“THANK YOU FOR YOUR SERVICE”

Together, we can address the challenges.