အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် PRF အကြောင်းကို ဖတ်ရှုပါ။
ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်လူမှုစာမျက်နှာတွင် PRF အကြောင်းကို ဖတ်ရှုပါ။

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back

"ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့်"

07.09.2025

ပြည်သူ့ခုခံတွန်းလှန်စစ် 4 နှစ်တာကာလအတွင်း ကြံ့ခိုင်စွာ တွန်းလှန်ရုန်းကန်ခဲ့ကြတဲ့ တောင်တန်းပြည်မ ပြည်သူတဦးတယောက်ချင်းစီကို လေးနက်စွာ ဦးညွတ်ဂုဏ်ပြုအပ်ပါတယ်။

ပုံမှန်အခြေအနေတရပ်မှာ

- ကျောင်းခန်းထဲက ဘောပင်ကိုင်ရမယ့် လက်တွေဟာ လက်နက်မကိုင်ချင်ပါဘူး။

- မိသားစုစုံလင်တဲ့ အိမ်အသိုက်အမြုံကိုလည်း ဘယ်သူမှ စွန့်ခွာချင်ကြမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်ခန္ဓာနဲ့ အိုးအိမ်စည်းစိမ်ကို ရန်ရှာတဲ့ စစ်အာဏာရှင်ရဲ့ဆိုးဝါးအဆုတ်ပြတ်ဆုံး စစ်ယန္တရားနဲ့ ကြုံတဲ့အခါ မိမိကိုယ်ကို ခုခံပိုင်ခွင့်ကို အသုံးပြုပြီး တောင်တန်းပြည်မ အားလုံး ညီညွတ်စွာ တွန်းလှန်ခုခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီလေးနှစ်တာအတွင်းမှာ ရဲဝံ့ပြတ်သားစွာ တွန်းလှန်ခုခံကြတဲ့ တနိုင်ငံလုံးက ပြည်သူတွေကြောင့်ပဲ နေရာအနှံ့စစ်ရေးအောင်ပွဲတွေ ရရှိခဲ့ပြီးပါပြီ။ ဆက်ပြီးတော့လည်း ကြိုးစားကြရဦးမှာ ဖြစ်ပါတယ်။

အခက်ခဲဆုံးအခြေအနေမှာ အားလုံးလက်တွေတွဲထားပြီး တွန်းလှန်ရုန်းကန်ဖို့ အလိုအပ်ဆုံးပါပဲ။ ဒါမှသာ ကျွန်တော်တို့ တောင်တန်းပြည်မ အားလုံးရဲ့ ကျခဲ့ရတဲ့ သွေးစက်တွေ၊ မျက်ရည်တွေဟာ ထိရောက်စွာနဲ့ အကျိုးရှိမှာဖြစ်သလို ရည်မှန်းချက်ပန်းတိုင်ကိုလည်း ရောက်နိုင်မှာဖြစ်ပါတယ်။

မလျော့တဲ့ဇွဲနဲ့ လက်တွေတွဲထားရင်း လာပါ ငါတို့အတူတူရုန်းမယ်။

အရေးတော်ပုံ မုချအောင်ရမည်။

PRF for PDF

PDF ရှိရင် PRF ရှိမယ်။

It’s not an option.It is "Duty”

Report your duty !

လာပါ... ငါတို့ အတူတူရုန်းမယ်။


[English Text Below]

Four Years of the People’s Resistance War

We solemnly honor and salute every individual—from the hills to the plains—who bravely stood and struggled throughout the four years of the People’s Resistance War.

In peaceful times:

However, when confronted with the most brutal and ruthless war machinery of the military dictatorship—one that seeks to destroy the lives, bodies, homes, and possessions of the people—the entire population, from the hills to the plains, was compelled to exercise their right to self-defense and unite in resistance.

Over these four years, it is the courage and determination of people across the country that has led to military victories in many regions. We must continue to persevere and work with resolve.

Even in the most difficult circumstances, it is vital that we stand together. Only through collective struggle will the blood and tears shed by all—from the hills to the plains—carry meaning and lead us toward our shared goal.

With steadfast spirit, let us join hands and declare:
“Together we address the challenges!”