An Official Website of The Ministry Of Defence, National Unity Government Myanmar
on the official website of the Ministry of Defence.
on the official Facebook Page of the Ministry of Defence.

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back

တော်လှန်ရေးမှာ သင်ဘယ်နေရာကနေပါဝင်မလဲ?

24.06.2026

Puzzle တချပ် ပျောက်နေရင်.....ပုံတပုံက ဘယ်တော့မှ မပြည့်စုံနိုင်သလို၊ တော်လှန်ရေးဆိုတာလည်း အဲ့ဒီအတိုင်းပါပဲ။

တော်လှန်ပြည်သူ၊ ရှေ့တန်းက ရဲဘော်၊ နောက်တန်းက ထောက်ပို့၊ CDM ဝန်ထမ်း/ ကျောင်းသား၊ မြေပြင်သပိတ်လှုပ်ရှားသူ... စတဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အင်အားစု တခုချင်းစီတိုင်းဟာ ဒီတော်လှန်ရေးဆိုတဲ့ Puzzle ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတွေပါ။ တချပ်ချင်းစီဟာ အတူတကွစုစည်းစွာနဲ့ မရှိကြရင် တော်လှန်ရေးပုံရိပ်လွှာဟာ 'မပြည့်စုံခြင်း' တွေနဲ့ပဲ ကျန်နေခဲ့မှာပါ။

"နောင်တစ်ချိန် သမိုင်းစကားတွေ ပြောကြတဲ့အခါ... တော်လှန်ရေးအတွက် ခင်ဗျား ဘယ်နေရာမှာ ရှိနေခဲ့သလဲ?"

ဒီမေးခွန်းကို ကိုယ်တိုင်ပြန်မေးတိုင်း၊ ကျွန်တော်တို့ရဲ့ ရှေ့တန်းက PDF ရဲဘော်တွေအတွက် နောက်တန်းကနေ ထောက်ပို့တာဝန်ကျေဖို့ သံဓိဋ္ဌာန်တွေ ပိုမိုခိုင်မာလာပါတယ်။ တော်လှန်ရေး Puzzle ထဲမှာ ခင်ဗျားရော ဘယ်နေရာကနေ ပါဝင်ပေးမလဲ? ခင်ဗျားတို့ မပါဝင်တဲ့ တော်လှန်ရေးဟာ ပြီးပြည့်စုံတဲ့ သမိုင်းဖြစ်လာဖို့ ခက်ခဲနှောင့်နှေးနေပါလိမ့်မယ်။

တော်လှန်ရေးအတွက် ခင်ဗျားဟာ ဘယ်နေရာကနေ ရှိနေခဲ့သလဲ ဆိုတာ သမိုင်းမှတ်တမ်းစိုက်ထူနိုင်ဖို့အတွက် PRF ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်ကြရင်း လာပါ... ငါတို့အတူတူ ရုန်းမယ်။

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။


[English Text Below]

If a single piece of a puzzle goes missing, the picture can never be complete. A revolution works the exact same way.

Every single force driving this movement—the revolutionary public, frontline comrades, rear-line supporters, CDM civil servants and students, and ground strike activists—is an essential piece of this revolutionary puzzle. Without each piece gathered together, the bigger picture of our revolution will remain painfully incomplete.

“When history speaks in the future... where were you when the revolution needed you?”

Every time we ask ourselves this question, our determination to fulfill our role in the rear lines—supporting our PDF comrades on the front lines—grows even stronger.

Where will you fit into this revolutionary puzzle? A revolution without your participation will struggle and stall, making it hard to reach a truly complete historic victory.

To leave your own mark in history when people ask where you stood for the cause, step up and serve as a PRF member.

Together we address all the challenges.

Report for duty to serve as a revolutionary support member.