An Official Website of The Ministry Of Defence, National Unity Government Myanmar
on the official website of the Ministry of Defence.
on the official Facebook Page of the Ministry of Defence.

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်မှ တာဝန်ရှိသူများနှင့် PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား စုဆောင်းရေးမှူး fundraiser များတွေ့ဆုံ

02.03.2025

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်မှ တာဝန်ရှိသူများနှင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား စုဆောင်းရေးမှူး fundraiser များဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ zoom online meeting ဖြင့် တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ 

- ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီး၊ ဒုတိယ ကာကွယ်ရေးဝန်ကြီး နဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်မှ တာဝန်ရှိသူများ တက်ရောက်ပြီး နှုတ်ခွန်းဆက်စကား ပြောခဲ့ကြပါတယ်။

- ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ၏ (၃) နှစ်ကျော်ကာလအတွင်း တာဝန်ထမ်းဆောင်ထားသော ထောက်ပို့ငွေ စာရင်းများကို တင်ပြခဲ့ပါတယ်။ 

- ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ရင်းထောက်ပံ့နှင့် အထွေထွေအသုံးစရိတ် ချထားပေးမှုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ ဘဏ္ဍာငွေစီးဆင်းပုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ် စစ်ရေးဌာန တာဝန်ရှိသူ မှလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ 

- ထို့နောက် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား စုဆောင်းရေးမှူး fundraiser များမှ ဦးဆောင်ကာ မေးခွန်း အမေးအဖြေများဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြတဲ့အကြောင်း ထုတ်ပြန်ကြေညာအပ်ပါတယ်။

လာပါ…ငါတို့ အတူတူရုန်းမယ်။

[English Text Below]

Officials from the Ministry of Defence ,  the National Unity Government Myanmar, the People's Defence Force Headquarter, and PRF fundraisers met via a Zoom online meeting on 2nd March 2025. The Union Minister, the Deputy Minister, and officials from the Ministry of Defence, along with officials from the People's Defence Force Headquarter, attended the meeting and extended their greetings. 

A representative from the Department of Administration and Finance, the Ministry of Defence, highlighted the People's Revolution Supply Family (PRF)'s contributions and presented a financial statement during its three years of operation. An official from the Military Department of the People's Defence Force Headquarter also provided an explanation regarding the allocation of battalion support and general expenses, and the flow of funds to the People's Defence Force. Following this, PRF fundraisers conducted a discussion through a question-and-answer session.

Together we address the challenges!