An Official Website of The Ministry Of Defence, National Unity Government Myanmar
on the official website of the Ministry of Defence.
on the official Facebook Page of the Ministry of Defence.

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back

⁨• နောက်တန်းမြဲမှ ရှေ့တန်းရဲမည် ⁨•

29.11.2025

လက်နက်ကိုင်တော်လှန်ရေး စတင်ချိန်ကစပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်မယ်ဆိုတဲ့ တထစ်ချ ခိုင်မာလှသော ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ စိတ်ဓာတ်ခွန်အားကို ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေးအပေါ်ထားရှိတဲ့ မယိမ်းမယိုင်သော ကတိကဝတ်နှင့် ထောက်ကူမှုကသာ ရှင်သန်ကြီးထွားစေနိုင်တာ ဖြစ်ပါတယ်။

PDF ရဲဘော်တွေအနေနဲ့ ကိုယ့်မြို့တွေကို သိမ်းပိုက် ထိန်းချုပ်နိုင်ဖို့ စုစည်းညီညွတ်စွာ အားထုတ်ကြိုးပမ်းနေတဲ့ စစ်ရေးအရ အရေးကြီးတဲ့ ကာလမှာ နောက်တန်းကနေ ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို မပြတ်မလတ် တာဝန်ယူ အားဖြည့်ပေးမယ့် မြဲမြံခိုင်မာတဲ့ ထောက်ပို့စနစ် တခုဟာ စစ်ရေးအတွက် ကျောရိုး ပမာတည်ရှိနေဖို့လိုအပ်ပါတယ်။ နောက်တန်းမြဲမှ ရှေ့တန်းမှာ ရဲရဲဝံ့ဝံ့ စိတ်ဖြောင့်လက်ဖြောင့် စစ်တိုက်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် မြေပြင်ရဲဘော်တွေဆီကို ပုံမှန်ထောက်ပို့နေပြီး နောက်တန်းရိက္ခာအတွက် အသက်သွေးကြောပမာ တည်ရှိနေမယ့် ထောက်ပို့စနစ်တခုအဖြစ် ဖွဲ့စည်းထားတဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်- PRF မှာ နောက်တန်းထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်ပြီး ခရီးဆုံးသည်အထိ အတူတကွ ရုန်းကန်ကြဖို့ တိုက်တွန်းဖိတ်ခေါ်လိုပါတယ်။


PDF ရှိရင် PRF ရှိမယ်။

လာပါ ငါတို့အတူတူရုန်းမယ်။⁩


[English Text Below]

"The Frontline Will Be Brave Only If the Rear Line is Steady"

The morale and fighting spirit of the People's Defence Force (PDF) comrades —who have been steadfastly committed since the beginning of the armed resistance to fight until the root of the military dictatorship is eradicated—can only be sustained and amplified by the unwavering commitment and support of the entire populace towards the revolution.

As PDF comrades dedicate themselves to the unified effort of seizing and controlling their respective towns during this critical military phase, it is essential that a strong and stable Supply system exists as the backbone of the military effort. This system must consistently assume responsibility for and reinforce the needs of the comrades from the rear line. The frontline can only fight bravely and with full confidence if the rear line remains steady.

Therefore, we urge and invite you to join the People's Revolution Supply Family (PRF), an organized system that regularly supplies the ground battalions and serves as the lifeline for rear-line provisions and strive together until the final victory is achieved.

PRF4PDF

Together we address the challenges!