An Official Website of The Ministry Of Defence, National Unity Government Myanmar
on the official website of the Ministry of Defence.
on the official Facebook Page of the Ministry of Defence.

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF (၄)နှစ်ပြည့်အထိမ်းအမှတ် တွေ့ဆုံပွဲ

19.12.2025

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF တည်ထောင်ခြင်း (၄) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊  ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်တကွ ကာကွယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး  ဦးရည်မွန်၊  ဒုတိယဝန်ကြီး နိုင်ကောင်းရွက် ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်မှ တာဝန်ရှိသူများ ၊ ထောက်ပို့တပ်သားစည်းရုံးရေးမှူးများ နှင့် ထောက်ပို့တပ်သား စုဆောင်းရေးမှူးများဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ တွေ့ဆုံအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ 

ဒီတွေ့ဆုံပွဲမှာ 

- ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊  

- ကာကွယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး  ဦးရည်မွန်၊ 

- ဒုတိယဝန်ကြီး နိုင်ကောင်းရွက် တို့အပါအဝင် 

- ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများ ၊  

- ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်မှ တာဝန်ရှိသူများ ၊ 

- ထောက်ပို့တပ်သားစည်းရုံးရေးမှူးများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး နှုတ်ခွန်းဆက်ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပါတယ်။

- ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များမှလည်း လက်ရှိထောက်ပို့တပ်အခြေအနေများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြတဲ့အကြောင်း  ထုတ်ပြန်ကြေညာအပ်ပါတယ်။

လာပါ…ငါတို့ အတူတူရုန်းမယ်။


[English Text Below]

Meeting Commemorating the 4th Anniversary of the People’s Revolution Supply Family (PRF)

December 19, 2025

To commemorate the 4th anniversary of the founding of People’s Revolution Supply Family (PRF), a meeting was held on December 19. The event was attended by Union Minister Dr. Zaw Wai Soe of the Union Prime Minister’s Office, Union Minister U Yee Mon and Deputy Minister Naing Kao Rot of the Ministry of Defence, along with officials from the Ministry of Defence, the People’s Defence Force (PDF) Headquarters, and PRF’s Ambassadors and Fundraisers and operation team.

During the meeting:

Furthermore, PRF fundraisers engaged in an interactive discussion regarding the current status and operations of PRF.

Together we address the challenges!