

လွန်ခဲ့တဲ့ ၄ နှစ် ဒီလိုအချိန်မှာ မြန်မာပြည်သူအားလုံးနီးပါးဟာ အရူးလုပ်ခံရတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင် အလိုကျကြိုးဆွဲရာကဖို့ မကျေနပ်နိုင်တဲ့ သူတွေများစွာရှိခဲ့တယ်ဆိုတာ ကိုယ်စီဆန္ဒဖော်ထုတ်ကြတဲ့ လမ်းမထက်က လူပင်လယ်ကြီးက သက်သေပါပဲ။ ခင်ဗျားတို့ ကျုပ်တို့ အင်မတန်ညီညွတ်ခဲ့ကြတယ်။ ချစ်စရာကောင်းခဲ့ကြပါတယ်။ အမြန်ဆုံး ခွေးမောင်းနိုင်ဖို့ မျှော်လင့်ချက်တွေလည်း ကြီးခဲ့ကြပါတယ်။ မနေ့တနေ့ကလို ဒီပုံရိပ်တွေအပြီး "နောက်လေးနှစ်ကြာသော်” ဆိုတဲ့ စာတန်းထိုးရဲ့နောက်မှာ… အဲ့ဒီလူအုပ်ကြီးက ခုဘာဆက်ဖြစ်သွားပြီလဲ။
ဒီမေးခွန်းကို မြင်ရင် “နေသားကျနေပြီ။ ဖောက်ပြန်သွားပြီ။ အဲ့လူတွေမရှိတော့ဘူး။ ” စတဲ့ မကောင်းမြင်စကားတွေ အရင်ဆုံးထွက်လာနိုင်ပေမယ့် အဖြေကို သေချာကြည့်ပါ။
ဒီလေးနှစ်အတွင်းမှာ မြင့်မြတ်စွာကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ထပ်တူ လူ့ဂုဏ်သိက္ခာကို အသက်ထက်တန်ဖိုးထားတဲ့သူတွေ များစွာ ရှိနေပါသေးတယ်။
- သူတို့တွေဟာ အခု လက်နက်ကိုင် တိုက်ပွဲဝင်နေကြတယ်။
- သူတို့တွေဟာ စစ်မြေပြင်မှာ ဆေးလိုက်ကုပေးနေကြတယ်။
- သူတို့တွေဟာ မြေအောက်တော်လှန်ရေးသမားတွေ ဆက်ဖြစ်နေတယ်။
- သူတို့တွေဟာ အကွာအဝေးကို မမှုဘဲ ကမ္ဘာနေရာအနှံ့အပြားကနေ ထောက်ပို့နေတယ်။
- သူတို့တွေဟာ ဆန္ဒဖော်ထုတ် လူထုလှုပ်ရှားမှုတွေ ဖော်ဆောင်နေကြတယ်။
- သူတို့တွေဟာ cdm လုပ် အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီးတဲ့နောက်မှာ ရရာအလုပ်အကိုင်နဲ့ ဆက်လက်ပါဝင်နေတယ်။
- သူတို့တွေ…. သူတို့တွေဟာ အစချီပြီး ရေးပြရင် ကုန်မှာတောင် မဟုတ်ပါဘူး။ ဒီလူတွေ အားလုံးဟာ တော်လှန်ရေးကို ရင်မှာပိုက်ပြီး ကြံ့ကြံ့ခိုင်ရင်း လေးနှစ်တာမှာ "ပျက်ကွက်မှုမရှိ” တာဝန်ကျေပွန်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီလူတွေသာမရှိရင် တော်လှန်ရေးဟာလည်း ဒီအခြေအနေထိ တိုးတက်စရာအကြောင်းကို မရှိတာပါ။ ဒါ့ကြောင့် လူပင်လယ်ကြီး ဘယ်ရောက်သွားပြီလဲလို့မေးရင် မြန်မာတနိုင်ငံလုံးမှာ ရှိတယ်။ ကမ္ဘာအနှံ့မှာ ရှိတယ် လို့ ပြန်ဖြေပါမယ်။ ကျုပ်တို့ ခင်ဗျားတို့အားလုံးဟာ အနာဂတ်ဒီမိုကရေစီ တိုင်းပြည်ကလေးနဲ့ ထိုက်တန်ပါတယ်။ ပလ္လင်ရူးတဲ့ စုန်းပြူးခွေးကို အဆုံးစွန်ထိ “ပျက်ကွက်မှုမရှိ” တိုက်ထုတ်ဦးကြပါစို့။
လာပါ…ငါတို့ အတူတူရုန်းမယ်။
PRF for PDF
[English Text Below]
Reflecting on this time four years ago, it is evident that the majority of Myanmar's people were deceived. The crowds filling the streets with their voices stood as evidence of widespread dissatisfaction with the arbitrary rule of the military dictatorship. We were united and lovely, with high hopes of swiftly overcoming the military dictatorship. Following scenes like two days ago, with the caption "Four years later," what happened to the crowd?
Upon encountering this question, might evoke negative assumptions, such as, "They've adapted to it, they've gone mad, or those people are gone," but consider the answer more deeply. Just as those who have courageously fallen in the last four years, there remain many who regard human dignity as more important than life itself. Some are engaged in armed conflict, while others provide medical care on the battlefield. Many remain underground revolutionaries, and some extend support from around the world, regardless of distance. Public demonstrations and movements persist, and those who gave up their careers through the Civil Disobedience Movement now fight the dictatorship through any work they can find. Their involvement is countless and beyond enumeration. Each of these individuals has consistently carried out their responsibilities with unwavering commitment over the past four years, enduring the revolution with determination.The revolution could not have advanced to this stage without the dedication of these individuals. If you were to ask where the crowd that once filled the streets has gone, it would be said that they are now spread throughout Myanmar and across the globe. Every one of us deserves a democratic future. Let us stand against dictatorship with unwavering commitment until the end.
Together we address the challenges!
PRF for PDF