An Official Website of The Ministry Of Defence, National Unity Government Myanmar
on the official website of the Ministry of Defence.
on the official Facebook Page of the Ministry of Defence.

TOTAL COLLECTED EUSD : 30,086,755

The stated figure represents the audited and finalized total amount (EUSD) received up to September 2025.
back

• ငါးနှစ်တာ ခရီးကြမ်းနှင့် မယိုင်လဲသော တော်လှန်ပခုံးများ •

01.02.2026

“တော်လှန်ရေးကာလ ရုန်းကန်မှုတွေကြားမှာ ကျော်ဖြတ်လာခဲ့ရတဲ့ (၅) နှစ်ဆိုတဲ့ အချိန်ဟာ လူတယောက်ကို မောပန်းနွမ်းလျစေနိုင်ပေမယ့်၊ ယုံကြည်ချက်တခုကိုတော့ ပိုပြီး အမြစ်တွယ် သန်မာလာစေပါတယ်”

လွန်ခဲ့တဲ့ ငါးနှစ်၊ ဖေဖော်ဝါရီလရဲ့ အစောပိုင်းမနက်ခင်းမှာ ငါတို့အားလုံးရဲ့ ဘဝတွေ ရုတ်ချည်းအမှောင်အတိ ကျသွားခဲ့ဖူးတယ်။ အဲဒီနေ့ကစလို့ ဒီနေ့အထိ ငါတို့ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်ပေါင်း ၁,၈၀၀ ကျော်ဟာ သာမန်ရက်စွဲတွေ မဟုတ်ခဲ့ပါဘူး။ ဒါတွေက စတေးခဲ့ရတဲ့ အသက်ပေါင်းများစွာ၊ ပေးဆပ်ခဲ့ရတဲ့ အိပ်မက်ပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ “ကြံ့ခိုင်မှု (Resilience)” ရဲ့ သမိုင်းမှတ်တမ်းတွေ ဖြစ်ပါတယ်။

တောတောင်တွေထဲမှာ၊ ကတုတ်ကျင်းတွေထဲမှာ ငါးနှစ်တာ ဖြတ်သန်းခဲ့ရတဲ့ ရှေ့တန်းကရဲဘော်တို့ရဲ့ တချိန်က လမ်းပေါ်ကကြွေးကြော်သံတွေဟာ ရန်သူကိုတုန်လှုပ်စေတဲ့ တော်လှန်ရေးလှိုင်းလုံးကြီးတွေအဖြစ် ရိုက်ခတ်နေပြီ။ ပျော်ပွဲစားထွက်ရမယ့်အရွယ်မှာ ကျည်ဆန်နဲ့ ယမ်းနံ့ကြားကို တိုးဝင်ခဲ့ရတဲ့ ခင်ဗျားတို့ရဲ့ မျက်လုံးတွေဟာ ကြောက်ရွှံ့အားငယ်စိတ်မရှိခဲ့ဘူး။ ငါးနှစ်ဆိုတဲ့ အချိန်ဟာ ခင်ဗျားတို့ကို သာမန်လူငယ်တွေအဖြစ်ကနေ တိုင်းပြည်ကို ပခုံးနဲ့ထမ်းထားတဲ့ “ကျောက်ဆောင်တွေ” အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ခင်ဗျားတို့ မလဲသရွေ့ ဒီတော်လှန်ရေးဟာ မလဲဘူးဆိုတာ သက်သေပြခဲ့ပြီးပြီ။

နောက်တန်းက ထောက်ပို့ပြည်သူများကလည်း မိသားစုစားဝတ်နေရေးအပြင် အထွေထွေခက်ခဲနေတဲ့ကြား၊ ဘေးအန္တရာယ်တွေ ဝိုင်းနေတဲ့ကြားက “ဒါလေးတော့ နိုင်သလောက် ဝင်ထမ်းပါရစေ” ဆိုတဲ့ စေတနာနဲ့ ကျပ်တည်းစွာ မျှဝေပေးခဲ့တဲ့ ခင်ဗျားတို့ရဲ့ လက်တွေဟာ တော်လှန်ရေးရဲ့ အသက်သွေးကြောတွေပါ။ ရန်သူက နည်းမျိုးစုံနဲ့ ဖိနှိပ်ဖြတ်တောက်ထားလို့ ရှင်သန်ဖို့ ခက်ခဲနေတဲ့ တော်လှန်ရေးကို ငါးနှစ်တိုင်တိုင် မမောမပန်းဘဲ လောင်းရိပ်မိနေတဲ့ သစ်ပင်လေးကို ရေလောင်းပေါင်းသင်ပေးခဲ့တဲ့ ခင်ဗျားတို့ရဲ့ ဇွဲဟာ ခေတ်သစ်ကမ္ဘာ့ကြီးရဲ့သမိုင်းမှာ အံ့ဩရလောက်တဲ့ “ကြံ့ခိုင်မှု (Resilience)” ပါပဲ။

ခင်ဗျားတို့ ရှိနေလို့သာ ရှေ့တန်းက ရဲဘော်တွေဆက်လက်တိုက်ပွဲဝင်ဖို့ ခွန်အားရှိခဲ့တာ၊ ခင်ဗျားတို့ ယုံကြည်လို့သာ အားလုံးအတူတူ ရှေ့ဆက်နိုင်ခဲ့တာ။

လမ်းမပေါ်က ဆန္ဒပြပွဲတွေကနေ ယနေ့တိုင် တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာပါဝင်နေသူအားလုံးဟာ ငါးနှစ်ဆိုတဲ့ ကာလအတွင်း ပင်ပန်းခဲ့ကြတယ်။ တခါတလေ မျက်ရည်ကျမယ်၊ တခါတခါ အားလျှော့ချင်စိတ် ပေါက်မယ်။ ဒါဟာ လူသားဆန်တဲ့ စိတ်ခံစားမှုပါ။ ဒါပေမဲ့ အဲဒီ အားလျှော့ချင်စိတ်ကို ဘေးဖယ်ပြီး နောက်တစ်နေ့ မနက်မှာ “ငါတို့ နိုင်မှဖြစ်မယ်” ဆိုတဲ့ စိတ်နဲ့ ပြန်နိုးထလာခြင်းက “ကြံ့ခိုင်မှု (Resilience)” ရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။

(၅) နှစ်ပြည့်တဲ့ ဒီအချိန်မှာ ငါတို့ အချင်းချင်း ပြန်ကြည့်လိုက်ပါ။ ငါတို့ဟာ အရင်ကထက် ပိုပြီး စနစ်ကျလာတယ်၊ ပိုပြီး ညီညွတ်လာတယ်၊ ပိုပြီး ခိုင်မာလာတယ်။ ရန်သူက ငါတို့ကို အချိန်နဲ့ တိုက်စားချင်ခဲ့ပေမယ့်၊ ငါတို့က အချိန်ကိုအသုံးချပြီး ပိုထက်တဲ့ ဓားသွားတွေအဖြစ် သွေးယူခဲ့ကြတယ်။

ဒီခရီးဟာ ငါးနှစ်တိုင်ခဲ့ပြီ။ ဒါပေမဲ့ 'အဆုံးသတ်အောင်ပွဲ' ဆီကို ချီတက်နေတဲ့ ငါတို့ရဲ့ စိတ်ဓာတ်တွေကတော့ ဒီနေ့မှ စတင်သူတွေလိုပဲ အားသစ်လောင်းဆဲ၊ လောင်ကျွမ်းနေဆဲပါ။

“ဒီရေလှိုင်းတွေ တရိပ်ရိပ်တက်တော့ ပင်လယ်ပြင်ဟာ လှုပ်ခတ်ရစမြဲလေ...” ဆိုသလိုပဲ၊ အဟန့်အတားတွေ ရှိလေလေ ငါတို့ရဲ့ တော်လှန်ရေးဒီရေဟာ ပိုပြီး အရှိန်အဟုန်နဲ့ မြင့်တက်လာလေလေပါပဲ။ ဒီလှိုင်းလုံးကြီးတွေဟာ အာဏာရှင်စနစ်ရဲ့ အမှိုက်သရိုက်တွေကို အမြစ်ပြတ်တိုက်စားပစ်ပြီး အနာဂတ်သစ် စနစ်သစ်တခုကို မလွဲမသွေ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

အောင်ပွဲဟာ အချိန်ပေါ်မှာ မူတည်တာမဟုတ်ဘူး၊ ငါတို့ရဲ့ မဆုတ်မနစ်တဲ့ ကြံ့ခိုင်မှုပေါ်မှာပဲ မူတည်တယ်။

လာပါ ... ငါတို့အတူတူရုန်းမယ်။


[English Text Below]

• Five Years of the Rugged Journey and Unwavering Revolutionary Shoulders •

“Five years of struggling through the revolution may weary a person, but it only causes one’s convictions to take deeper, stronger root.”

Over five years ago, on an early February morning, all our lives were suddenly cast into total darkness. From that day until now, the more than 1,800 days we have traversed have not been ordinary dates on a calendar. They are a historical record of “Resilience”—built upon countless sacrificed lives and many abandoned dreams.

Deep in the jungles and within the trenches, the once-street-cries of the frontline comrades who have spent these five years are now crashing like revolutionary waves that make the enemy tremble. At an age meant for picnics and joy, you stepped into the midst of bullets and the scent of gunpowder; yet, your eyes showed no trace of fear or frailty. Five years have transformed you from ordinary youths into the “Bedrocks” carrying the country on your shoulders. You have proven that as long as you do not fall, this revolution will not fall.

The supporting public in the rear, amidst the struggle for family survival and surrounding dangers, have shared what little they have with the mindset of: “Let me carry what I can.” Your hands are the lifeblood of this revolution. While the enemy uses every method to oppress and sever ties, your persistence in nurturing this revolution for five years—like watering a sapling in the shadows—is an astounding display of “Resilience” in the history of the modern world.

It is because you exist that the frontline comrades have the strength to keep fighting. It is because you believe that we can all move forward together.

From those who stood in street protests to everyone participating in various sectors of the revolution today, everyone has grown weary over this five-year span. There are times you will weep; there are times you will feel like giving up. These are human emotions. But setting aside that urge to surrender and waking up the next morning with the thought, “We must win,” is the very essence of “Resilience.”

At this five-year mark, let us look at one another. We have become more systematic, more united, and more steadfast than ever before. The enemy wanted to wear us down with time, but we used that time to sharpen ourselves into keener blades.

This journey has reached five years. However, our spirits, marching toward the "Final Victory," remain as refreshed and burning as those who began just today.

As the saying goes, “When the tides rise, the sea must stir...” The more obstacles there are, the more our revolutionary tide gains momentum. These waves will inevitably wash away the debris of dictatorship and forge a new system for a new future.

Victory does not depend on time; it depends solely on our relentless resilience.

Together we address the challenges!