
.jpg)
“ငုံ့မခံဘူး၊ နောက်မဆုတ်ဘူး ၊ ပျက်ကွက်မှုမရှိဘူး။”
တချိန်မှာ ၂၀၂၁ စစ်အာဏာသိမ်းမှုအကြောင်း ပြန်ပြောကြတဲ့အခါ ကျရာကဏ္ဍတွေကနေ တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်သူတွေအားလုံးဟာ သိပ်ကို ဂုဏ်ယူစရာကောင်းတဲ့ အကြောင်းက တခုတ်တရ ပြောစရာပါ။
မတရားတဲ့ စစ်တပ်အာဏာသိမ်းမှု၊ အာဏာရှင်ရဲ့ဖိနှိပ်မှုတွေကို ငုံ့မခံခဲ့ကြဘူး။ ဒီလိုနဲ့ ဆန္ဒပြမှုတွေကနေတဆင့် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ပြီး PDF ရဲဘော်တွေဖြစ်လာချိန် တိုက်ပွဲဝင်နေတဲ့ကာလတလျောက်လုံးမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေရှိလည်း နောက်မဆုတ်ခဲ့ဘူး။ အလားတူ ထောက်ပို့တပ်သားတွေအနေနဲ့လည်း အာဏာရှင်လက်အောက်မှာ ခက်ခဲကြရတဲ့ နေ့စဥ်ဘဝ ရှင်သန်မှုတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ခဲ့ရလည်း ထောက်ပို့တာဝန် တာဝန်ထမ်းဆောင်မှုမှာ ပျက်ကွက်မှု မရှိဘူး။ ဒီလို အင်မတန်ဂုဏ်ယူစရာကောင်းတဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုတွေကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ကနေ သမိုင်းဝင်ဂုဏ်ပြုပေးချင်ပါတယ်။
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF စတင်ချိန်တည်းကနေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေရဲ့ နောက်ကျောဘက်ကနေ မားမားမတ်မတ်ရပ်တည်ရင်း PDF ရဲဘော်တွေရဲ့ စားနပ်ရိက္ခာနဲ့ အထွေထွေအသုံးစားရိတ်အတွက် ထောက်ပို့ခဲ့ကြတဲ့ PRF တပ်သားတွေကို အခုပြုလုပ်မယ့် “ ပျက်ကွက်မှုမရှိ” ကမ်ပိန်းကနေ ဂုဏ်ပြုမယ့် အစီအစဉ် ဖြစ်ပါတယ်။
🌟 ပျက်ကွက်မှုမရှိထောက်ပို့တပ်သား၏ နာမည်နှင့် သီးသန့်ပြုလုပ်ထားသော ဂုဏ်ပြုလွှာ
🌟 PDF ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူး တဦးချင်းစီ၏ ဓာတ်ပုံ နှင့် ဂုဏ်ပြုစကား ပါဝင်သော အမှတ်တရစာအုပ်
🌟 ကာကွယ်ရေးဝန်ကြီး၊ ဒုဝန်ကြီးများ၏ ဂုဏ်ပြုလက်ရေးစာများ
🌟 ပျက်ကွက်မှုမရှိ PRF ထောက်ပို့တပ်သား၏ ကိုယ်ပိုင်နံပါတ်ပါဝင်တဲ့ ဂုဏ်ပြုဆွဲပြား တို့ကို ဂုဏ်ပြုပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဒီလိုဂုဏ်ပြုရာမှာ
• ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ တာဝန်ထမ်းဆောင်ထားသူများကို (၁) နှစ်ဆက်တိုက် ပျက်ကွက်မှုမရှိ တပ်သားများ
• ၂၀၂၃ ခုနှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ တာဝန်ထမ်းဆောင်ထားသူများကို (၂) နှစ်ဆက်တိုက် ပျက်ကွက်မှုမရှိ တပ်သားများ
• ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ တာဝန်ထမ်းဆောင်ထားသူများကို လုံးဝ ပျက်ကွက်မှုမရှိ တပ်သားများ အဖြစ်
သတ်မှတ်ထားပြီး ဂုဏ်ပြုလက်ဆောင်များကိုလည်း အသီးသီး မဲဖောက်ရွေးချယ် ချီးမြှင့်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဒီ “ပျက်ကွက်မှုမရှိ” ကမ်ပိန်းကို ၂၁ ရက် ဇွန်လ ၂၀၂၅ မှ ၃၁ ရက် ဇူလိုင်လ ၂၀၂၅ ထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ဂုဏ်ပြုလက်ဆောင်များအကြောင်း အစီအစဉ် အသေးစိတ်ကိုလည်း ထပ်မံဖော်ပြသွားမှာ ဖြစ်ပါတယ်။
PRF တပ်သားတွေထဲမှာ တကိုယ်ရေစာ အဆင်ပြေကြသူတွေရှိသလို အဆင်မပြေကြသူတွေ အများကြီးပါ။ ဒီလိုကနေ ပျက်ကွက်မှုမရှိ ပါဝင်ဖို့ဆိုတာ စိတ်ဆုံးဖြတ်ချက် အင်မတန်ကို ခိုင်မာမှ ရနိုင်တာမျိုးပါ။ ဒါ့ကြောင့်လည်း “ငုံ့မခံဘူး၊ နောက်မဆုတ်ဘူး ၊ ပျက်ကွက်မှုမရှိဘူး။” ဆိုတဲ့ စိတ်ပြတ်သားမှုကို တခုတ်တရ ဂုဏ်ပြုပေးလိုတာကြောင့် ဒီကမ်ပိန်းကို ပြုလုပ်ရခြင်းပဲ ဖြစ်ပါတယ်။
လာပါ… ငါတို့ အတူတူ ရုန်းမယ်။
သင့်ရဲ့ ထောက်ပို့ တာဝန် ပျက်ကွက်မှုမရှိစေနဲ့ ။
PDF ရှိရင် PRF ရှိမယ်။
[English Text Below]
Never surrender , Never Retreat, Never Fail
When we look back on the 2021 military coup in the future, it will be a source of great honor to recount the contributions of all the people who fulfilled their duties in respective roles.
Resistance prevailed against the illegitimate seizure of power and the tyranny that followed. The transition from civil protest to armed resistance marked a pivotal moment, as individuals united under the People's Defense Force. The hardships endured throughout the movement did not deter the commitment to the cause. Despite enduring hardship under the dictatorship and facing natural disasters, support soldiers consistently contributed with dedication.In recognition of their remarkable spirit and unwavering conviction, People’s Revolution Supply Family - PRF is committed to honoring them through an acknowledgement of lasting historical significance.
Through the “Steadfast Contribution” campaign, the People’s Revolution Supply Family - PRF honors the dedication of PRF members who have stood firmly behind the People's Defence Force (PDF), providing essential food supplies and general expenses since the inception of PRF.
The following honorary gifts will be presented:
The honors are categorized as follows:
"One-Year Consecutive Contributors" for contributions made between July 2024 and June 2025.
"Two-Year Consecutive Consecutive Contributors" for contributions made between July 2023 and June 2025.
"The Absolute Consecutive Contributors" for contributions made from December 2021 to June 2025.
Honorary gifts will be awarded by raffle within each category.
The campaign was held from June 21, 2025, to July 31, 2025.
While a number of PRF members are financially stable, many are not. Remaining committed in the face of such challenges requires an incredibly strong sense of resolve.For this reason, the campaign is being launched to honor the unwavering spirit of “Never surrender , Never Retreat, Never Fail.”